Menu:

အမှတ်တရလေးရေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

ABOUT ME

 မင်္ဂလာပါ
                        ကျွန်မ ကို သွားလာ ရခက်ခဲ့ တဲ့ မြန်မာနိုင်ငံ ရဲ့ အစွန် အဖျား တောရွာလေး တစ်ရွာမှာ မွေးဖွား ကြီးပြင်ခဲ့ပါတယ်။ လျှပ်စစ်မီးလည်း မရှိသလို အထက်တန်းကျောင်းတောင် မရှိပါဘူး။ ကျွန်မတို့ ရွာနဲ့ အနီးဆုံး ဖြစ်တဲ့ မြို့က ၁၁ မိုင် ဝေးတယ်။ ကျွန်မ တို့ ရွာဘက် ကလူတွေ မြို့ ပေါ်ကိုသွားမယ် ဆိုရင် လမ်းလျှောက် သွားရတာ ၁၁ မိုင်ဝေးတဲ့ခရီးကို။ ကြားမှ တောင်၂ လုံး ဖြတ်ရသေးတယ်။မနက် ၄ နာရီလောက် က သွားရင် ၉ နာရီလောက်ကြ မှ ရောက်တာ။ကားလမ်း ကတော့ ရှိတယ် ဒါပေမဲ့ ကားသွားလိုမရဘူး လှည်းပဲ သွားလိုရတယ်။ ကျွန်မ အသက် ၁၅ နှစ်လောက် အထိ ကားကို အပြင်မှာ ကောင်းကောင်းမမြင်ဖူးဘူး။ ၁ဝ တန်းအောင်ပြီးလို ရန်ကုန် လာတော့မှ မြင်ဖူးတာ။ ကားစီးရင်လည်း မူးလိုက်တာပြောမနေနဲ့တော့။ ဘယ်လောက်တောင်လည်း ဆိုရင် အိမ်ရှေ့ ကကားဖြတ်သွားရင် အိမ်ထဲ မှာနေတဲ့ ကျွန်မ မူးပြီးကျန်ခဲ့တာ။ ကားမူးတာတော်တော်ဆိုးတယ်။ ရန်ကုန်ကို ရောက်စတုန်းက ဆိုရင် သမိုင်းလမ်းဆုံကနေ ရှစ်မိုင်ကို သွားဖို ၁ နာရီလောက် ကားစောင့်လိုက်ရတယ်။တက္ကသိုလ် တက်တော့လည်း  ဒီလိုပဲ ကြောင်တောင်တောင်နှင့်ပေါ့။
ဒိလိုနဲ့ပဲ ဒဂုံ တက္ကသလိုလ်ကြီးမှာ နိုင်ငံတကာဆက်ဆံရေး အဓိက နဲ့ကျောင်တက်ရတာပေါ့။ နိုင်ငံတကာဆက်ဆံရေး ဆိုတာကြီးကို တက်သာတက်ရတာဘာမှန်းသေချာမသိဘူး နိုင်ငံတကာ ပါလို တက်လိုက်တာ ဘာမှန်းကိုမသိတာ။ ဆယ်တန်းတုန်းက တက်ချင်တာ က ဂျီတီစီ ၊ ဆယ်တန်းအောင်တော့ အမှတ်က မမှီတော့ စီးပွားရေတက္ကသိုလ် လျှောက်တယ် ၊ အခု အိုင်အာ နဲ့ဘွဲရထားတယ်။ တော်တော် လည်းလောက ကြီးအကြောင်းနားလည်သွားတယ်။ လောက မှ ဘဝ နဲ့ ဆန္ဒ တစ်ထပ်တည်းမကျနိုင်ပါလားလို။
အခုလည်း အိုင်အာနဲ့သာ ကျောင်းပြီးတာ မှာ သေသေချာချာ မသိဘူး။
                              အဲလို နဲ ယောင်တောင်ပေါင်တောင်နဲ ကျောင်းတက်လာတာနောက်ဆုံးနှစ် ရောက်တော့ Environmental  Issues In International Relations  ကို အဓိကဘာသာ (၃ )အဖြစ်သင်ရတယ်။ အဲဒီမှာ  Environmental Problems In International Relations, The  Stockholm Conference (1972 ), The Rio Conference (1992), The Kyoto  Summit (1997), Environmental Challenges in Southeast Asia, Problems of Water and Marine Resources, Effort to Protect Biodiversity, Conservation of Biological Diversity in Myanmar , Haze Problem in Southeast Asia, Our Blue Planet အဲဒါ တွေသင် ရတော့ တော်တော် လည်းစိတ်ဝင်စားလာတယ်။စိတ်သာဝင်စားတာ ဘာမှမလုပ်ဖြစ်ဘူး။ နောက်ဆုံး စဉ်းစားမိတာက ဒါနဲ ပတ်သက်ပြီးကိုယ်ဘာလုပ်နိုင်လဲဆိုတာကိုပေါ့။ ကိုယ်က လည်း အလုပ်ခွင်ထဲ ရောက်နေုပြီ။ ဒါအရေးကြီးတယ်ဆိုတာသိပေမဲ့ ကိုယ်ကို ထမင်းကျွေးနေတဲ့ ဒီအလုပ်ကို ပစ်ြပီးတော့လည်း မထားခဲ့နိုင်ဆိုတော့ကာ ကိုယ်အားတဲ့ အချိန်မှာပဲ  ဘလောဂ်လေးတစ်ခု တင်ပြီး ကိုယ့်မှာရှိတဲ့
Environmental နဲပတ်သက်တဲ့Information, Environmental နဲပတ်သက်တဲ့ Knowledge တွေကို တခြားလူတွေကို Share ပေးဖို့ စဉ်စားမိတယ်။အဲဒါနဲပဲ တတ်သလောက်မှတ်သလောက်နဲ ပဲ ဒီဘလောဂ်လေး ကိုတင်ပေးလိုက်ပါတယ်။


စိတ်ပါဝင်စားစွာ
ကူညီကြတဲ့ သူငယ်ချင်းတွေကိုအထူး ကျေးဇူးတင်ပါတယ်။