Menu:

အမှတ်တရလေးရေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

နိုင်ငံတကာဆက်ဆံရေး (IR)

                             နိုင်ငံတစ်နိုင်ငံ ၏ နိုင်ငံတကာဆက်ဆံရေး (IR) ဆိုသည်မှာ မိမိနိုင်ငံ၏ လုံခြုံရေး ၊ စီးပွားရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့် နိုင်ငံအကျိုးစီးပွားကို မြှင့်တင်ရန်ရည်ရွယ်ထားရှိ ၍ အခြားနိုင်ငံများ နင့် စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေး စသည်နယ်ပယ်စုံတွင့် ကျင့်သုံးနေသောဆက်ဆံရေး ကိုဆိုလိုကာ နိုင်ငံမဟုတ်သော Non-State Actor များနှင့် ဆက်ဆံရေးသည်လည်း အကျုံးဝင်သည်။

                            အထူသဖြင့် ကမ္ဘာကြီးသည် ရွာတစ်ရွာ ကဲ့သို့ဖြစ်လာနေသည့် ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်မြှင့်လာသည့် ခေတ်အခါတွင့် နိုင်ငံရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် IR  မှာ ယခင့်ယခင် အချိန်များက ထက်ပင် ပိုမိုအရေးပါလာသည်ထက် ပါလာသည်ကို တွေ့မြင့်ရသည်။

                            နိုင်ငံစနစ်ချင်း ၊ နိုင်ငံအရွယ်အစားချင်း ၊ စီးပွားရေးပမာဏချင်း ၊ မဟာဗျူဟာချင်းလည်း ဆင်တူသော်လည်း IR ပိုမိုကောင်းမွန်သည့် နိုင်ငံက မိမိနိုင်ငံ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်သည်ကို များစွာသော သာဓကများက ပြဆိုနေသလို မိမိနိုင်ငံ ဖွံဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် အရေးကြီးလှသည့် နိုင်ငံပုံရိပ်မြှင့်တင်ရေးတွင် အဆိုပါနိုင်ငံ၏  IR က အဓိက ကျသည့် အခန်းကဏ္ဍက ပါဝင်နေပါသည်။